Home News ပထမဆုံး စီးရီး

ပထမဆုံး စီးရီး

၂၀၀၄ခုနှစ် ဇွန်လ ဆန်းမှာ ဦးငွေ ထွန်း စီစဉ်တဲ့ “ဂီတကုထုံးသစ်” တေးစီးရီးနဲ့အတူ ဂီတလောကထဲ စတင် ၀င်ရောက်ဖြစ်ခဲ့တာပါ။ အနုပညာ လက်တွဲဖော်တွေ ဖြစ်တဲ့ ထက်ဒီ၊ ငဲငယ်၊ စမင်းသိုက်၊ မေမြတ်နိုးခင်နဲ့ ရှင်းမင်းအိတို့နဲ့ အတူ အနုပညာ ခရီးလမ်းကို စလှမ်းခဲ့ရတာပါ။

“ဒီခွေလေးမှာ သမီးက ကိုယ်ပိုင်သံစဉ် Slow လေးတစ်ပုဒ် ဆိုထားပါတယ်။ တကယ်အားသန်တာက Pop ပါ။ သီချင်း ရွေးတာကတော့ ဦးငွေထွန်းရယ်၊ တေးရေးတွေရယ်၊ သမီးကိုယ်တိုင်ရယ် အကောင်းဆုံး ဖြစ်မယ့်ဟာကို ရွေးကြပါတယ်။ ကိုယ့်အသံက ဘယ်လို သီချင်းနဲ့ ပိုလိုက်ဖက်တယ် ဆိုတာကို တေးရေးတွေက သိကြပါတယ်။ ဦးခူဆဲရဲ့ သီချင်း တစ်ပုဒ်ဆိုရင် အစက ကိုယ်နဲ့ မလိုက်ဘူးလို့ ထင်တာ၊ ဒါပေမယ့် တကယ် ဆိုကြည့်တော့ အရမ်း အဆင်ပြေနေတာကို တွေ့ရတယ်။ ဂီတကုထုံးသစ် ဆိုတဲ့ နာမည်လေးကို သမီး အရမ်းကြိုက်ပါတယ်။ ဘာလို့လည်း ဆိုတော့ လူတိုင်း လူတိုင်းမှာ ခံစားရတဲ့ အကောင်း အဆိုးတွေ၊ စိတ်ဖိစီးမှုတွေ ရှိပါတယ်။ ဒါပေမယ့် ခံစားရတဲ့ အရာအားလုံးကို ဂီတက ကုသ ပေးနိုင်တယ်။ ဂီတက ဖြေဆေးတစ်ခု ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်လေး ဖြစ်တဲ့အတွက် အရမ်းကြိုက်ပါတယ်။ ဒီခွေမှာ သမီးတို့ အားလုံး ကြိုးစားထားတဲ့ အတွက် ကိုယ့်ကြိုးစားမှုနဲ့ တူညီတဲ့ တုန့်ပြန်မှုတော့ ရမယ်လို့ မျှော်လင့်ထားပါတယ်။”

 

Polls

အကြိုက်ဆုံး သီချင်း
 

Live Show

LIVE SHOW
Place: La Pyae Won Plaza
Date: 24.1.2009

နောက်ဆုံးစီးရီး

အိပ်မက်ဝတ်စုံ
L လွန်းဝါ၊ L ဆိုင်းဇီ၊ ရေဗက္ကာဝင်း
Master Music Production

(ဇန်န၀ါရီ ၂၄ရက်နေ့ ထွက်မည်)

About me

sample image Rebecca Win ဆိုတာ အေးချမ်းစွာ နေလိုတဲ့... လူသားတွေကို ကူညီပေးလိုတဲ့... အဆိုတော် ကောင်မလေး တစ်ယောက်ပါ.. More info

Photos Gallery

Who's Online


ပါဝင်ခဲ့သော စီးရီးများ

၁၀ စက္ကန့်
အကြောင်းပြချက်မရှိ
ငယ်ချစ်ဦး
အလွမ်းရဲ့ည
အရင်ထက်
ရှုပ်ကုန်တော့မယ်
အချစ်များနဲ့ ကမ္ဘာ
အချစ်များစွာ အတွက်
အမုန်းများစွာ အတွက်
အာဇာနည် စုံတွဲတေးများ

ငယ်ငယ်တုန်းက


၇ တန်းတုန်းက ကျောင်းမှာ လုပ်တဲ့ စုံညီပွဲတော်မှာ Fashion Show လျှောက်ခဲ့ဖူးတယ်...
View More

ဂီတကုထုံးသစ်

ဂီတကုထုံးသစ် ၂၀၀၄ခုနှစ် ဇွန်လ ဆန်းမှာ ဦးငွေ ထွန်း စီစဉ်တဲ့ “ဂီတကုထုံးသစ်” တေးစီးရီးနဲ့အတူ ဂီတလောကထဲ စတင် ၀င်ရောက်ဖြစ်ခဲ့တာပါ။ အနုပညာ လက်တွဲဖော်တွေ ဖြစ်တဲ့ ထက်ဒီ၊ ငဲငယ်၊ စမင်းသိုက်၊ မေမြတ်နိုးခင်နဲ့ ရှင်းမင်းအိတို့နဲ့ အတူ အနုပညာ ခရီးလမ်းကို စလှမ်းခဲ့ရတာပါ။
Read More

Contact Me

Address: No. 22, Komin Kochin Ave:, Shwe Gone Daing, Bahan Tsp., Yangon.
Email:
me@rebeccawin.com
Website:
www.rebeccawin.com