Home News ရေဗက္က ပရိသတ်များသို့

ရေဗက္က ပရိသတ်များသို့

သရုပ်ဆောင်တဲ့ အပိုင်းမှာတော့ တကယ့် Professional သရုပ်ဆောင် တစ်ယောက်လို ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမယ့် အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားပါတယ်။ ဇာတ်ကားအနေနဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ “နတ်သမီး မပြောခဲ့တဲ့ ပုံပြင်” က ပထမဦးဆုံး ရိုက်တာပါ။ ပထမဦးဆုံး အတွေ့အကြုံဆိုတော့ စိတ်လှုပ်ရှားတာရော၊ ကြောက်တာရော၊ ရှက်တာရော စုံနေတာပါပဲ။ ဒါပေမယ့် လက်တွဲ အလုပ်လုပ်တဲ့ သူတွေအားလုံး ရင်းနှီးပြီးသားဆိုတော့ ဒီလိုပဲ လုပ်ရင်းနဲ့ ပျော်လာ၊ အသားကျလာတာပါ။

ဒုတိယကားက ဒါရိုက်တာ မိုက်တီးရဲ့ “ ပြောင်းပြန်ရိုက်ချက်” မင်းသားက ကိုလူမင်း၊ အဲဒီဇာတ်ကားမှာ Rebecca ရဲ့ Character က အဆိုတော် Rebecca Win ပဲ။ အဲဒါကြောင့် အရမ်းကြီး အခက်အခဲ မရှိခဲ့ပါဘူး။ ဒါပေမယ့် Rebecca က ရန်တွေ့တဲ့အခန်းဆိုရင် အရမ်း ဒုက္ခရောက်တာ။ အပြင်မှာလဲ ဘယ်သူ့ကိုမှ ရန်မတွေ့ခဲ့ဘူးတော့လေ။ တတိယကားက “ နတ်သမီးဝတ်စုံ” တဲ့။ မင်းသားက ကိုလူမင်းပဲ။ အဲဒီကားမှာ Rebecca က သာမန် မိန်းကလေး တစ်ယောက်။ ချို့တဲ့တယ်လေ။ ကိုလူမင်းကို တဖက်သတ်ကြိုက်ရတာ။ နောက်ဆုံးကား ကတော့ ဒါရိုက်တာ ဦးတင်ဦး၊ မင်းသားက ကိုဟန်ဇာမိုးဝင်း။ ဇာတ်ကားနာမည်က “အတာရေနဲ့ဆေးပါ့မယ်” တဲ့။ အဲဒီကားမှာ Rebecca က Model Agency တစ်ခုရဲ့ MD ပေါ့။ ရိုက်သမျှကားတွေ အားလုံးကို ဇာတ်လမ်းကြိုက်လို့ ရိုက်ခဲ့တာပါ။ အစပိုင်းတုန်းက သိပ်မလုပ်ရဲတာ၊ Camera အယူအဆမသိတာတွေကြောင့် နည်းနည်းခက်ခဲပါတယ်။ နောက်ဆုံးရိုက်တဲ့ကားကို အကြိုက်ဆုံးပါပဲ။ သရုပ်ဆောင်တာ မျက်လုံး၊ စကားပြောတာ ပိုပြီး အဆင်ပြေလာတယ်လို့ ထင်ပါတယ်။ နောက် “ နတ်သမီးဝတ်စုံ” ဇာတ်ကားလေးကိုလဲ အရမ်းကြိုက်တာပဲ။ အဲဒီကားက ဇာတ်လမ်းအရမ်းကောင်းလို့ပါ။

Model Show လျှောက်တာက အရမ်း စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ Rebecca က Model လဲ မဟုတ်ဘူး၊ သင်တန်းလည်း မတက်ဖူးပါဘူး။ အဲဒါကြောင့် အရင်တုန်းကဆိုရင် ကိုယ့်ကိုကိုယ် အချိုးမကျမှာ အရမ်းစိုးရိမ်ခဲ့တာ။ Hotel Nikko မှာလုပ်တဲ့ Bridal Show မှာ မြန်မာသတို့သမီးဝတ်စုံနဲ့ ပထမဦးဆုံး လျှောက်ခဲ့ဖူးတာပါ။ နောက် SHE SHINE, MAY & MARK, THE RICH GEMS နဲ့ TRI fashion show တွေ လျှောက်ခဲ့ဖူးပါတယ်။ Show လျှောက်နေတဲ့ အချိန်မှာ ရင်တွေ အရမ်းခုန်နေပြီး စိတ်တွေ လှုပ်ရှားနေတာလေ။

TV ကြော်ငြာအနေနဲ့ Rebecca အတွက် ပထမဦးဆုံးကတော့ ဒါရိုက်တာ ဦးအောင်ကိုလတ် ရိုက်တဲ့ “ vitaco” ရေမွှေးပါ။ အဲဒီတုန်းက Rebecca အဆိုတော်ဖြစ်ခါစ အသက်လည်း ၁၈ နှစ်လောက်ပဲ ရှိဦးမယ်။ ဒုတိယမြောက်က ဒါရိုက်တာ ဦးစင်ရော်မောင်မောင် ရိုက်တဲ့ “ DG ဆပ်ပြာ” ပါ။ နောက်တခုက ဦးမောင်နဲ့ပဲ ရိုက်တဲ့ “ Premier Coffee” လေ။ အဲဒီကြော်ငြာလေးကို ပရိသတ် တော်တော်များများက ကြိုက်တယ်လို့ပြောကြလို့ အရမ်းဝမ်းသာတာပဲ။ အဲဒါရိုက်တုန်းက အရမ်းပင်ပန်းခဲ့တာ။ မနက် ၃ နာရီ ထ၊ အလှပြင်ပြီး တောင်ပေါ် တက်ရတာ။ မိုးရွာထားခါစဆိုတော့ မြေကလည်း အရမ်းချော်နေတာလေ။ ပြီးတော့ မြင်ကွင်းကို အကျယ်ကြီးယူထားတာဆိုတော့ Rebecca တစ်ယောက်တည်း တောင်ပေါ်ကို ပလိုင်းလွယ်ပြီး တက်ခဲ့ရတာ။

နောက်တစ်ခုက ဦးဝေဠု (၀ဿန်) ရိုက်တဲ့ “ Royal Myanmar Tea Mix” အဲဒီတုန်းက ၀တ်ရတဲ့ ရွှေပလောင်ဝတ်စုံက အရမ်းလေးတာ။ အရမ်းလဲ ပူတာပဲ။ သိပ်တောင် မလှုပ်ရှားနိုင်ဘူးလေ။ နောက် ဦးမောင်နဲ့ပဲ “Fresh Up” သွားတိုက်ဆေးရိုက်တယ်။ နောက် ဒါရိုက်တာ ဦးလွင်မင်းနဲ့ “ Point” နေကြာစေ့။ ဦးသိန်းဟန်နဲ့ “ Paris Luxry” ဆပ်ပြာ။ အဲဒီကြော်ငြာထဲမှာ Rebecca က Dancer တွေနဲ့ ကထားတယ်။ နောက် Director ဦးမဟာနဲ့ “Nutroplex” ကလေးအားတိုးဆေး၊ နောက် “ မြန်မာ့သြဘာ”၊ နောက်ဆုံးကတော့ “ အိမ်အမိုးသွပ်ပြား” ကြော်ငြာရိုက်ထားပါတယ်။

Rebecca ကြော်ငြာတွေ ရိုက်တဲ့အပြင် ကြော်ငြာသီချင်းတွေလည်း ဆိုသေးတယ်။ နောက်ခံစကားပြောလည်း ပြောတယ်လေ။ အဲဒီလို အသံနဲ့ သရုပ်ဆောင်ရတာကိုလည်း ကြိုက်ပါတယ်။ အခုတော့ သရုပ်ဆောင်ရတာ အရင်ကထက် စာရင် ပိုပြီး စိတ်ပါလာတယ်။ ပိုပြီး ပျော်လာပါတယ်။ သီချင်း VCD မှာ သရုပ်ဆောင်တာတော့ ရဲလေး “ အိမ်” မှာ ပထမဦးဆုံးပေါ့။ ကိုယ့်သီချင်းမဟုတ်ဘဲ သရုပ်ဆောင် ရတာလေ။ နောက် ကိုလွန်းဝါ ခွေမှာလည်း သရုပ်ဆောင်ထားသေးတယ်။

အခုနောက်ထပ်ထွက်ဖို့ သီချင်း VCD ကတော့ ခွင့်ပြုတယ်၊ ခွင့်လွှတ်တယ် VCD ရှိမယ်။ နောက် ဦးစိန်ဝင်းထွန်းရဲ့ Live Show VCD ရှိတယ်။

Rebecca က ဒီလ ၄ ရက်နေ့မှာ မြင်းခြံမှာ သီချင်းသွားဆိုမယ်။ ၈ရက်နေ့မှာ UMF (Unristian Musician Fellowship) နဲ့ လပွတ္တာဘက်ကို လေဘေးကယ်ဆယ်ရေး သွားဖို့ ရှိတယ်။ ဒီမတိုင်ခင်ကလည်း လေဘေးကယ်ဆယ်ရေး အနေနဲ့ ပုသိမ်၊ မြောင်းမြ၊ ဖျာပုံ၊ ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ လမုကြီး၊ ရေတွင်းရေကန် တွေ သွားခဲ့သေးတယ်။ နောက် MWD မှာလဲ လေဘေးနဲ့ ပတ်သက်ပြီး မမေခလာ၊ မဇမ်နူး တို့နဲ့ တစ်ပုဒ်၊ နောက် ကိုရဲလေး၊ ကိုမိုးမိုးတို့နဲ့ တစ်ပုဒ် ဆိုထားသေးတယ်။

ဒီလ ၂၈၊ ၂၉၊ ၃၀ ရက်တွေမှာ ကျိုင်းတုံ၊ တာချီလိတ်မှာ Stage Show ဆိုဖို့ရှိတယ်။

အခုလတ်တလောကတော့ Rebecca ကျောင်းတက်နေတယ်။ UFL မှာ Japanese Final လေ။ ပြီးတော့ တစ်ကိုယ်တော်ခွေ လုပ်နေတယ်။ IC Band နဲ့ PTL Studio မှာ။ တေးရေးတွေက မြင့်မိုရ်အောင်၊ ရွှေဂျော်ဂျော်၊ မောင်မောင်ဇော်လတ်၊ Stone၊ လင်းလင်း၊ R ခိုင်၊ ကိုလွန်းဝါ၊ စံပီးနဲ့ Rebecca ကိုယ်တိုင်ရေးထားတာ နှစ်ပုဒ် ပါတယ်။ ထွက်လာတဲ့ အခါကျရင်လည်း အားပေးအုံးနော်။ သီချင်းပုံစံတွေကတော့ ဆိုဖူးတဲ့ပုံစံရော၊ မဆိုဖူးသေးတဲ့ ပုံစံတွေရောပေါ့။ Own Tune တွေချည်းပဲ။ Pop,R&B,slow Rock,Alter Pop တွေပါတယ်။

Rebecca ရဲ့ လှုပ်ရှားမှု အသီးသီးအတွက် ဝေဖန်ပေးဖို့လည်း ဖိတ်ခေါ်ပါတယ်နော်။
 

Polls

အကြိုက်ဆုံး သီချင်း
 

Live Show

LIVE SHOW
Place: La Pyae Won Plaza
Date: 24.1.2009

နောက်ဆုံးစီးရီး

အိပ်မက်ဝတ်စုံ
L လွန်းဝါ၊ L ဆိုင်းဇီ၊ ရေဗက္ကာဝင်း
Master Music Production

(ဇန်န၀ါရီ ၂၄ရက်နေ့ ထွက်မည်)

About me

sample image Rebecca Win ဆိုတာ အေးချမ်းစွာ နေလိုတဲ့... လူသားတွေကို ကူညီပေးလိုတဲ့... အဆိုတော် ကောင်မလေး တစ်ယောက်ပါ.. More info

Photos Gallery

Who's Online


ပါဝင်ခဲ့သော စီးရီးများ

၁၀ စက္ကန့်
အကြောင်းပြချက်မရှိ
ငယ်ချစ်ဦး
အလွမ်းရဲ့ည
အရင်ထက်
ရှုပ်ကုန်တော့မယ်
အချစ်များနဲ့ ကမ္ဘာ
အချစ်များစွာ အတွက်
အမုန်းများစွာ အတွက်
အာဇာနည် စုံတွဲတေးများ

ငယ်ငယ်တုန်းက


၇ တန်းတုန်းက ကျောင်းမှာ လုပ်တဲ့ စုံညီပွဲတော်မှာ Fashion Show လျှောက်ခဲ့ဖူးတယ်...
View More

ဂီတကုထုံးသစ်

ဂီတကုထုံးသစ် ၂၀၀၄ခုနှစ် ဇွန်လ ဆန်းမှာ ဦးငွေ ထွန်း စီစဉ်တဲ့ “ဂီတကုထုံးသစ်” တေးစီးရီးနဲ့အတူ ဂီတလောကထဲ စတင် ၀င်ရောက်ဖြစ်ခဲ့တာပါ။ အနုပညာ လက်တွဲဖော်တွေ ဖြစ်တဲ့ ထက်ဒီ၊ ငဲငယ်၊ စမင်းသိုက်၊ မေမြတ်နိုးခင်နဲ့ ရှင်းမင်းအိတို့နဲ့ အတူ အနုပညာ ခရီးလမ်းကို စလှမ်းခဲ့ရတာပါ။
Read More

Contact Me

Address: No. 22, Komin Kochin Ave:, Shwe Gone Daing, Bahan Tsp., Yangon.
Email:
me@rebeccawin.com
Website:
www.rebeccawin.com