စုစုပေါင်း ၁၂ပုဒ် သီဆိုထားတဲ့ ဒီ ရှုပ်ကုန်တော့မယ် စီးရီးက Rebecca နဲ့ ရည်မွန်တို့ နှစ်ယောက်ပေါင်း ကြိုးစား အားထုတ်မှုလေးပေါ့။ @zy Music Production က ထုတ်လုပ်ဖြန့်ချိပြီး အခုဆိုရင် MTV, VCD Karaoke ပါ ထွက်လို့ နေပါပြီ။ Rebecca အနေနဲ့ တစ်ယောက်တည်း သီဆိုဖြစ်ခဲ့တဲ့ သီချင်းတွေကတော့ ငိုကြွေးခဲ့သူ၊ ပြေးထွက်ချင်သူ၊ ရှုပ်ကုန်တော့မယ်၊ မယုံတော့ပါ.. စတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။
Music




၂၀၀၄ခုနှစ် ဇွန်လ ဆန်းမှာ ဦးငွေ ထွန်း စီစဉ်တဲ့ “ဂီတကုထုံးသစ်” တေးစီးရီးနဲ့အတူ ဂီတလောကထဲ စတင် ၀င်ရောက်ဖြစ်ခဲ့တာပါ။ အနုပညာ လက်တွဲဖော်တွေ ဖြစ်တဲ့ ထက်ဒီ၊ ငဲငယ်၊ စမင်းသိုက်၊ မေမြတ်နိုးခင်နဲ့ ရှင်းမင်းအိတို့နဲ့ အတူ အနုပညာ ခရီးလမ်းကို စလှမ်းခဲ့ရတာပါ။